အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဝင်ငွေရရှိမှု

စစ်ဘေးရှောင်ပြည်သူများနှင့် ပဋိပက္ခသင့် လူမှုအသိုင်းအဝိုင်းများတို့ နှစ်မျိုးစလုံးသည် ဝင်ငွေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အချိန်ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာမလုံလောက်မှုကိုပါ ကြုံတွေ့လာရသည်။ ဤအစီအစဉ်၏ ယခင်လုပ်ငန်းအဆင့်တွင် စစ်တမ်းကောက်ယူခံ အုပ်စုများအားလုံးသည် အခြေခံကောက်ယူမှု နှင့် အပြီးသတ်ကောက်ယူမှုတို့အကြား ပျမ်းမျှလစဉ်ဝင်ငွေ လျော့ကျသွားသည်ကို ကြုံတွေ့ခဲ့ရပြီး KIO ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သည့် အိုးအိမ်စွန့်ခွာတိမ်းရှောင်သူများသည် (တစ်လလျှင် ၈၆,၂၆၃ ကျပ်မှ ၂၈,၅၁၄ ကျပ်အထိဖြင့်) အထိအနာဆုံး ဖြစ်သည်။ အမျိုးသားများသည် တစ်နယ်တစ်ကျေးတွင် အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေကြလာရသောကြောင့် အမျိုးသမီးများ၏ အိမ်တွင်းအိမ်ပြင် တာဝန်ယူရမှုများမှာ တိုးလာခဲ့သည်။  အမျိုးသမီးများနှင့် အမျိုးသားများကို သင့်လျော်သော ကျွမ်းကျင်မှုများနှင့် ပစ္စည်းကိရိယာ/ငွေကြေး အရင်းအနှီးများ ဖြည့်ဆည်းပေးခြင်း၊ အလုပ်အကိုင်အတွက် အခွင့်အရေးများနှင့် စံချိန်စံညွှန်းများတို့အကြောင်း အသိပညာပေးခြင်း၊ အမျိုးသမီးများအဖို့ ဝင်ငေွရလုပ်ငန်းများမှ လုံလောက်သောအကျိုးအမြတ်များ ရရှိမှုအပေါ် တားဆီးထားမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း တို့အားဖြင့် DPP သည် ၎င်းတို့အား မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲနေသော စီးပွားရေးစနစ်အတွင်း ဈေးကွက်များကို ပိုမိုကောင်းမွန်လုံခြုံစွာ လက်လှမ်းမီနိုင်စေရန် နှင့် ၎င်းတို့၏ဝင်ငွေကို ဝမ်းရေးဖူလုံရုံအဆင့်ထက် ပိုမိုရရှိရေးအတွက် ၎င်းတို့ဘာသာ မြှင့်တင်နိုင်စေရန် ကူညီပေးပါသည်။ အမျိုးသမီးများအပေါ် ဝန်ပိစေသော ပြဿနာများကို ထည့်သွင်းစဉ်းစားကာ စီးပွားရေးဝင်လုပ်ကိုင်နိုင်ကြခြင်းအပေါ် အတားအဆီးဖြစ်နေသည်များကို ကိုင်တွယ်ဖြေရှင်းရန် အထူးအလေးပေးထားပါသည်။ စစ်ဘေးရှောင်ပြည်သူများနှင့် ပဋိပက္ခသင့် လူမှုအသိုင်းအဝိုင်းများတို့ကို ၎င်းတို့၏မြေယာရပိုင်ခွင့်များအကြောင်း နားလည်တောင်းဆိုနိုင်စေရန် ကူညီပေးခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲသော အသီးအပွင့်များ ရရှိလာခြင်းကို ထောက်ပံ့ပေးကာ အသက်မွေးဝမ်းကျောင်းများကို ခိုင်မာစေပြီး အဓိကနစ်နာချက်များကိုလည်း လျော့ပါးသက်သာစေပါသည်။ နောက်ဆုံးအနေဖြင့် DPP သည် ပိုမိုသေးငယ်သောလုပ်ငန်းများနှင့်စာလျှင် လူများစွာအတွက် ပိုမိုရေရှည်ခိုင်မာသည့် တန်ဖိုးမြှင့်လုပ်ငန်း အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများ ထောက်ပံ့ပေးရန် ကြိုးပမ်းလျက်ရှိပါသည်။