စစ်ဘေးရှောင်ပြည်သူများနှင့် ဒုက္ခသည်များ ကယ်ဆယ်ရေးကွန်ရက် (RANIR)

လိုဂို

စစ်ဘေးရှောင်ပြည်သူများနှင့် ဒုက္ခသည်များ ကယ်ဆယ်ရေးကွန်ရက် (RANIR) သည် ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စေရန်အလို့ငှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက်မှုတို့ကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ၎င်းတို့အချင်းချင်းကြား ညှိနှိုင်းဆောင်ရွက်ရာတွင် ကူညီပံ့ပိုးပေးပါသည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းသည် အရေးတကြီးလိုအပ်နေသော စစ်ဘေးရှောင်ပြည်သူများနှင့် ဒုက္ခသည်များတို့ကို ကူညီရာတွင် ဘက်မလိုက်ခြင်း၊ ဆင်းရဲဒုက္ခခံစားရမှုများ လျော့ပါးစေခြင်းနှင့် လူမှုဘဝဖူလုံစေရေး မြှင့်တင်ပေးခြင်းတို့ဟူသော စည်းမျဉ်းများအပေါ် အခြေခံထားပါသည်။ ထိုသို့ဆောင်ရွက်ကြရာတွင် RANIR သည် ဒေတာနှင့်သတင်းအချက်အလက်များ ကောက်ယူရန်နှင့် မြေပြင်အခြေအနေကို မှတ်တမ်းတင်ရန် ကယ်ဆယ်ရေးလုပ်သားများကိုသာမက စစ်ဘေးရှောင်ပြည်သူများနှင့် ဒုက္ခသည်များတို့ကိုပါ စွမ်းဆောင်ရည်တည်ဆောက်ပေးပြီး ယင်းတို့ကို စစ်ဘေးရှောင်ပြည်သူများနှင့် ဒုက္ခသည်များတို့ကိုယ်စား ပြည်တွင်းနှင့်ပြည်ပရှိ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများထံ အရေးဆိုရာတွင် အသုံးပြုပါမည်။ RANIR သည် ရန်ပုံငွေကောက်ခံခြင်း၊ ရန်ပုံငွေနှင့်ပစ္စည်းများတို့ကို မိတ်ဖက်များထံ ဆက်သွယ်ပို့ဆောင်ပေးခြင်း၊ မှတ်တမ်းရုပ်ရှင်အတွက် ရိုက်ကူးခြင်း၊ ဇာတ်ကြောင်းပြောခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ပါဝင်သော စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပါသည်။

DPP အောက်တွင် Trócaire နှင့် ပူးပေါင်းဆောင်ရွက်သော RANIR ၏ လုပ်ငန်းများသည် သတင်းအချက်အလက် စုဆောင်းခြင်း၊ မီဒီယာတင်ဆက်မှုအကြောင်းအရာ ရိုက်ကူးထုတ်လုပ်ခြင်း၊ ဇာတ်လမ်းတိုများနှင့် မှတ်တမ်းရုပ်ရှင်များ ဖန်တီးခြင်းတို့ကို အလေးပေးထားပါသည်။ ၎င်းတွင် RANIR ၏ ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ဖြန့်ချိတင်ဆက်ခဲ့ပြီး ကြည့်ရှုသူများပြားခဲ့သော ဒေသတွင်း စစ်ဘေးရှောင်ပြည်သူများ၏ ဘဝအ‌‌ကြောင်း ဇာတ်လမ်းတိုစီးရီး “စစ်ဘေးရှောင်ပြည်သူများ၏ ရင်တွင်းစကားသံများ” လည်း ပါဝင်ပါသည်။