ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက် (KWPN)

လိုဂို

ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက် (KWPN) ကို  ၂၀၁၂ ခုနှစ် ဧပြီလတွင် အရေးပေါ်အခြေအနေများ၌ လုံခြုံရေးနှင့်ကာကွယ်ရေး ကိစ္စရပ်များအပါအဝင် အမျိုးသမီးများ၏ အထူးလိုအပ်ချက်များကို ဖြေရှင်းနိုင်ရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်ရေးကို ထောက်ခံအားပေးရန် ရည်ရွယ်တည်ထောင်ခဲ့ပါသည်။ လက်ရှိတွင် (KWPN) ကို ဒေသအသီးသီးမှ ဤကိစ္စအတွက် ရည်စူးမြှုပ်နှံထားသော ကချင်အမျိုးသမီး စေတနာ့ဝန်ထမ်း အယောက် ၇၀ ဖြင့် ဖွဲ့စည်းထားပါသည်။ ၂၀၁၁ ခုနှစ် ကချင်ပြည်နယ်တွင် ပြန်လည်စတင်ခဲ့သော လက်နက်ကိုင်တိုက်ပွဲ‌ကြောင့် ထိခိုက်နစ်နာရသူ အမျိုးသမီးများ၏ လိုအပ်ချက်များကို တုံ့ပြန်ဖြေရှင်းပေးရန် အသက်မွေးဝမ်း‌‌‌ကျောင်းနောက်ခံ အမျိုးမျိုးရှိကြသည့် ဤကချင်အမျိုးသမီးများက အဖွဲ့ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးတို့ကို စိတ်ပါဝင်စားသည့် ကချင်အမျိုးသမီးအားလုံးသည် အဖွဲ့သို့ဝင်‌ရောက်နိုင်ပြီး အခြားသော အမျိုးသမီးရေးရာ အဖွဲ့များနှင့် ကွန်ရက်များတို့ကိုလည်း ပူးပေါင်းဆောင်ရွက်ရန် စည်းရုံးလှုံ့ဆော်မှုနယ်ပယ်တွင် ဉီးဆောင်အဖွဲ့တစ်ခုဖြစ်သည့် KWPN က ကြိုဆိုလျက်ရှိပါသည်။ KWPN သည် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ပိုင်းတို့တစ်ခွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော အမျိုးသမီးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ကွန်ရက်တစ်ခု ဖြစ်ပါသည်။ ၎င်းတို့၏ အဓိကကွင်းဆင်းဝန်ထမ်းများမှာ ဌာနခွဲ (၁၄) ခုရှိ ကျားမအခြေပြုကိစ္စရပ်များအကြောင်း သင်တန်းများ‌ပေးသည့် ကျေးလက်ဒေသနေအမျိုးသမီးများ ဖြစ်ကြပါသည်။ KWPN သည် ကျွန်ုပ်တို့ကို အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ စည်းရုံးလှုံ့ဆော်ခြင်း၊ ကချင်အမျိုးသမီးများနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများတို့အကြား ချိတ်ဆက်မှုအားကောင်းစေခြင်း၊ ဦးဆောင်မှုအခန်းကဏ္ဍများတွင် အမျိုးသမီးများ နေရာရစေရန်အတွက် စွမ်းရည်မြှင့်တင်ပေးခြင်းတို့အပြင် အမျိုးသမီးများ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့ နှင့်ဆက်စပ်နေသည့် အကြောင်းအရာများအကြောင်း သုတေသနပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

DPP အောက်တွင် KWPN သည် ပဋိပက္ခဖြေရှင်းခြင်း၊ အပြန်အလှန်ဆေွးနွေးခြင်း၊ ကြားဝင်စေ့စပ်ခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းတို့အတွက် သင်တန်းများအပါအဝင် အမျိုးသမီးရေးရာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။