လိုဂို

ကျွန်ုပ်တို့အကြောင်း 

၁၉၉၅ ခုနှစ်မှစ၍ Trócaire သည် မြန်မာနိုင်ငံ အတွင်းနှင့်ပြင်ပရှိ လူထုအခြေပြုအဖွဲ့အစည်းများနှင့် အတူတကွလက်တွဲလုပ်ကိုင်ခဲ့သည်။ Trócaire ၏ လုပ်ဆောင်ချက်သည် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး နှင့် အရင်းအမြစ်ဆိုင်ရာအခွင့်အရေးများကို အဓိကထားသည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခသင့် လူမှုအသိုင်းအဝိုင်းများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍပေါင်းစုံအကူအညီများ ဖြည့်ဆည်းပေးသည်။ Trócaire ၏ ငြိမ်းချမ်းရေးအစီအစဉ်သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလမ်းကြောင်းအတွက် တစ်တပ်တစ်အားအဖြစ် ပါဝင်သည်။ ဤအဖွဲ့အစည်းသည်  လူထုအခြေပြုအဖွဲ့အစည်းများ အားကောင်းလာစေ၍ လူ့အခွင့်အရေးလေးစားမှု ရှိစေရန်တို့အတွက် ဒေသတွင်း မိတ်ဖက်ဖွဲ့စည်းခြင်းမှတစ်ဆင့် လုပ်ဆောင်သည်။ ထိုလုပ်ဆောင်ချက်ကို ပဋိပက္ခလွန်ခဲ့ပြီးသော သို့မဟုတ် ပဋိပက္ခများကြုံတွေ့နေရဆဲဖြစ်သော ရန်ကုန်နှင့်တနင်္သာရီ တိုင်းဒေသကြီးများ၊ မွန်၊ ကယား၊ ကချင်နှင့် ရှမ်း ပြည်နယ်များတို့တွင် လုပ်ဆောင်သည်။ Trócaire သည် တစ်ဦးချင်း၊ လူမှုအသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းနှင့် အဖွဲ့အစည်းဆိုင်ရာ အဆင့်ဆင့်တွင် ပြောင်းလဲမှုဖော်ဆောင်ရန်အတွက် မြန်မာနိုင်ငံရှိ နိုင်ငံတွင်း/ဒေသခံ အဖွဲ့အစည်း ၂၄ ခု နှင့်ပူးပေါင်း၍ ဆောင်ရွက်နေသည်။ Trócaire သည် ဆင်းရဲနွမ်းပါးမှု၏ လက္ခဏာများသာမက ၎င်း၏ဇာစ်မြစ်များကိုပါ ဖြေရှင်းပေးသည်။

Trócaire ၏ အစီအစဉ်အချို့

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခကာလများအတွင်း လူ့ဂုဏ်သိက္ခာကိုကာကွယ်ခြင်း – ကချင်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခကြောင့် ထိခိုက်နစ်နာရ၍ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် လူထုအတွက် တာဝန်ခံမှုရှိ၍ လိုအပ်ချက်များအပေါ်အခြေခံသော အချိန်နှင့်တပြေးညီ လူသားချင်းစာနာမှုအကူအညီများ ပေးခြင်း

အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး – ကချင်၊ ရှမ်း၊ ကယား၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတို့တွင် ဆုံးဖြတ်ချက်ချခြင်း၊ ခေါင်းဆောင်မှုနှင့် ငြိမ်းချမ်းရေးတို့၌ အမျိုးသမီးများပါဝင်မှုကို တိုးမြှင့်ခြင်း။

အရင်းအမြစ်များရရှိရေးအခွင့်အရေး – ဒေသခံများ အထူးသဖြင့် ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ ဟူသည့် တိုင်းရင်းသားဒေသများတွင် ရပ်ရွာလူထုများအနေဖြင့် မြေပိုင်ဆိုင်ခွင့်ရရှိရေးအတွက် ၎င်းတို့၏အခွင့်အရေးကို ၎င်းတို့ဘာသာ မြှင့်တင်ကာကွယ်နိုင်လာသည်။

DPP အောက်တွင်

Trócaire သည် အစီအစဉ်ကို မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ကချင်ဖွံ့ဖြိုးရေးအဖွဲ့ (KDG), ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက် (KWPN) နှင့် စစ်ဘေးရှောင်ပြည်သူများနှင့် ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးကွန်ရက် (RANIR) တို့ နှင့်အတူ အကောင်အထည်ဖော်လျက်ရှိသည်။ Trócaire သည် မိတ်ဖက်များနှင့်အတူ လူငယ်စွမ်းရည်မြှင့်တင်ခြင်း၊ ဇာတ်ကြောင်းပြောပြခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးခေါင်းဆောင်များ ပါဝင်စေခြင်းတို့ အပါအဝင် အိုးအိမ်စွန့်ခွာတိမ်းရှောင်သူများ၏ အသံကို ပေါက်ရောက်စေရန်မြှင့်တင်ပေးသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်လျက်ရှိသည်။

https://www.trocaire.org/