လိုဂို
Bridging Rural Integrated Development and Grassroot Empowerment – BRIDGEကို ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပါသည်။ BRIDGE သည် ကချင်ပြည်နယ်တွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်။ BRIDGE ၏အဓိက ဦးတည်ချက်များမှာ အောက်ပါတို့ ဖြစ်သည်။
၁။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
၂။ ပတ်ဝန်းကျင်ပြုပြင်ထိန်းသိန်းရေးနှင့် မူဝါဒထောက်ခံရေး
၃။ လူသားချင်းစာနာထောက်ထားမှု
ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအစီအစဉ် (DPP) အောက်တွင် BRIDGE သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြေယာပိုင်ဆိုင်ခွင့်များ နှင့်ပတ်သက်၍ လုပ်ကိုင်သည့်အပြင် သင်တန်းများနှင့် ရပ်ရွာအစည်းအဝေးများတို့ကိုလည်း ကွင်းဆင်းကျင်းပပေးသည်။ ၎င်းတို့သည် ကွင်းဆင်းအဆင့်တွင် KIO / KIA တို့နှင့် အလွန်ကျွမ်းဝင်သည်။