မိတ်ဆွေမြန်မာ

၂၀၀၄ ခုနှစ်တွင် မိတ်ဆွေမြန်မာ (Meikswe Myanmar – MFF) ကို အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မိဘမဲ့ကလေးများနှင့် အိပ်ခ်ျအိုင်ဗွီ /အေအိုင်ဒီအက်စ်ရောဂါ ခံစားနေရသူများတို့၏ ကျန်းမာရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ အဖွဲ့အစည်းသည် ပညာရေးဆိုင်ရာအစီအစဉ်များကို အကောင်အထည်ဖော်ရန်အထိ ကြီးထွားလာခဲ့ပြီး သဘာဝဘေးအန္တရာယ်ဒဏ်ခံရသူများအား အရေးပေါ်အကူအညီများ ဖြည့်ဆည်းပေး၍ ရန်ကုန်၊ လားရှိုး၊ စစ်တွေနှင့် မြိတ်ကျွန်းရှိ ဒေသခံအဖွဲ့အစည်းများတို့အတွက်လည်း စွမ်းဆောင်ရည်မြှင့်တင်ရေး အကူအညီများ ပေးခဲ့သည်။ မိတ်ဆွေမြန်မာသည် မိတ်ဖက်များ၏ပံ့ပိုးမှုဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိအတွက် မဟာဗျူဟာစီမံကိန်းကို ရေးဆွဲကာ ၎င်း၏အစီအစဉ်များကို ခိုင်မာစေပြီး ပြတ်သားသော အဖွဲ့အစည်းရည်မှန်းချက်၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်နှင့် စံနှုန်းများတို့ကို ရေးဆွဲခဲ့သည်။ မိတ်ဆွေမြန်မာ၏ ရုံးချုပ်သည် လားရှိုးတွင် တည်ရှိသည်။ သို့သော် အဖွဲ့အစည်းသည် စီမံကိန်းအကောင်အထည်ဖော်မှုကို လားရှိုး (ရှမ်းပြည်နယ်မြောက်ပိုင်း)၊ စစ်တွေ (ရခိုင်ပြည်နယ်)၊ နောင်ဦး (မန္တလေးတိုင်း)၊ ရန်ကုန်နှင့် ဆလုံကျွန်း (မြိတ်) တို့တွင် ထောက်ပံ့ပေးသည်။

ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအစီအစဉ် (DPP) အောက်တွင် မိတ်ဆွေမြန်မာသည် အမျိုးသမီးများဦးဆောင်မှု နှင့် အသက်မွေးဝမ်းကျောင်းမှုတို့ နှင့်ပတ်သက်သော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။