ပျိုး လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Pyoe Social Development Foundation – PSDF)

လိုဂို

ပျိုး လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Pyoe Social Development Foundation) သည် ကချင်ပြည်နယ်ရှိ ပြည်သူလူထုအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် တရားမျှတမှုပေါ်ပေါက်လာရေးတို့အတွက် တည်ထောင်ခဲ့သည်။ ပျိုး သည် ကချင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်တွင် ပါဝင်ပြီး ကချင်ပြည်နယ်တွင်း လူမှုအဖွဲ့အစည်းဆိုင်ရာ လှုပ်ရှားမှုများနှင့် လုပ်ငန်းများတို့တွင် ပါဝင်သည်။ ပျိုး သည် လတ်တလောတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်အခွင့်အရေးများအတွက် စည်းရုံးလှုံ့ဆော်မှု၊ လူထုပူးပေါင်းပါဝင်မှု၊ ဦးဆောင်မှုသင်တန်းနှင့် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် လူမှုရေးဆိုင်ရာ တာဝန်ခံမှုများ စသည့်စီမံကိန်းများကို လုပ်ဆောင်နေသည်။ ကွင်းဆင်းဝန်ထမ်းများသည် မိုးကောင်းမြို့နယ်တွင် ရှိကြသည်။ ၎င်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေသခံ ဘာသာရေးခေါင်းဆောင်များနှင့် အလွန်ကျွမ်းဝင်ကြပြီး ကျေးရွာများနှင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်သူ စခန်းများတို့တွင် လုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းကွန်ရက်တစ်ခုပင် ဖြစ်သည်။ ပျိုး သည် လက်ရှိတွင် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် မိုးကောင်း မြို့နယ်များ၊ ကမိုင်းမြို့နှင့် မိုးညှင်းခရိုင်တို့တွင် လုပ်ငန်းများ ဆောင်ရွက်နေသည်။

ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအစီအစဉ် (DPP) အောက်တွင် ပျိုး သည် စေတနာ့ဝန်ထမ်းနှင့် ဝန်ထမ်းများတို့အတွက် ငြိမ်းချမ်းရေးတည်ဆောက်မှုသင်တန်းနှင့် မွမ်းမံသင်တန်းများ၊ ကလေးများအတွက် ငြိမ်းချမ်းရေးတည်ဆောက်မှု သင်ကြားချိန်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အကူအညီနှင့် မိဘအုပ်ထိန်းမှု အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲတို့ကို အကောင်အထည်ဖော်လျက်ရှိသည်။