နမ့်ကျို ဖောင်ဒေးရှင်း

နမ့်ကျို ဖောင်ဒေးရှင်း (Namkyeo Foundation) သည် ရှမ်းနီအဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း ကချင်လူထုနှင့် ဆက်နွှယ်သည့်အပြင် ရေရှည်ဦးဆောင်မှုကြောင့် ယုံကြည်ခံရသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ ၎င်းတို့၏ အဓိကဦးတည်နယ်မြေမှာ ပူတာအို ဖြစ်ပြီး တိုင်းရင်းသားခေါင်းဆောင် အများစုကို အတူတကွ စုစည်းနိုင်သည်။ နမ့်ကျိုသည် တိုင်းရင်းသားခေါင်းဆောင်များ နှင့်တွေ့ဆုံခြင်းအပြင် အစီအစဉ်အတွင်း လူမှုရေးစည်းလုံးမှုကို ရရှိစေရေးတို့တွင် အဓိကနေရာမှ ပါဝင်သည်။

ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအစီအစဉ် (DPP) အောက်တွင် နမ့်ကျိုသည် ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်စနစ်ဆိုင်ရာ သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့အပြင် ကျေးရွာအဆင့်တွင် ပတ်ဝန်းကျင်နှင့်အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြဿနာများ ဖြေရှင်းရေးလည်း ပါဝင်သည့် လုပ်ငန်းအမျိုးမျိုးကို အကောင်အထည်ဖော်လျက်ရှိသည်။ ၎င်းတို့သည် အိုးအိမ်စွန့်ခွာတိမ်းရှောင်သူစခန်းများတွင် မလုပ်ကိုင်ကြပါ။