Candle Light Library Foundation

လိုဂို

ကျွန်ုပ်တို့၏အကြောင်း

ကချင်ပြည်နယ်တွင် ပဋိပက္ခများကြောင့် ကလေးသူငယ်များနှင့် လူငယ်တို့၏ ပညာရေးကို အနှောက်အယှက်မဖြစ်စေရေးအလို့ငှာ ၎င်းတို့အနေဖြင့် ဆက်လက်လေ့လာ သင်ယူနိုင်ရန်အတွက် Candle Light Library Foundation (CLLF) ကို ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဤအဖွဲ့အစည်း၏ မျှော်မှန်းချက်သည် နေရပ်စွန့်ခွာသူများ (အထူးသဖြင့်ကလေးသူငယ်များနှင့် လူငယ်များ) အား ပြည်တွင်းစစ် ဖြစ်ပွားလျက်ရှိနေပြီး ကျောင်းပညာရေးသင်ယူရန် အခွင့်အလမ်းများ မရှိသည့်ကြားထဲမှ ပညာဆက်လက်သင်ယူခွင့် ရှိစေရန်နှင့် ပညာရေးကို လက်လှမ်းမီစေရန် ဖြစ်သည်။ Candle Light Library Foundation (CLLF) သည် အိုးအိမ်စွန့်ခွာတိမ်းရှောင်သူ စခန်းများတွင် ရွေ့လျားစာကြည့်တိုက်များ တည်ဆောက်ပြီး ၎င်းတို့ကို မည်သို့လုပ်ကိုင်လည်ပတ်ရကြောင်း ဒေသခံလူထုအား လေ့ကျင့်သင်ကြားပေးသည်။ Candle Light Library Foundation (CLLF) သည် အားလုံးအတွက် ကျောင်းပြင်ပပညာရေး ဖြည့်ဆည်းပေးရန်အတွက် ဗဟုသုတဆွေးနွေးခြင်း၊ ပြိုင်ပွဲများ၊ အထူးဆွေးနွေးမှုများ၊ အင်္ဂလိပ်စာသင်တန်းများနှင့် စေတနာ့ဝန်ထမ်းအစီအစဉ်များ စသည့်လှုပ်ရှားမှုများ ပြုလုပ်ပေးသည်။ စစ်ပွဲပြီးဆုံးပြီး ပြည်သူများနေဖြင့် ဇာတိကျေးရွာများသို့ ပြန်လာနိုင်သည့်အခါ ဒေသခံများအား စာကြည့်တိုက်များကို ၎င်းတို့နှင့်အတူ ယူဆောင်သွားပြီး အသိပညာနှင့်ပညာရေးမှတစ်ဆင့် ပိုမိုတောက်ပသောအနာဂတ်ကို တည်ဆောက်နိုင်ကြစေရန် ဤအဖွဲ့အစည်းက မျှော်လင့်သည်။

ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအစီအစဉ် (DPP) အောက်တွင် Candle Light Library Foundation သည် အိုးအိမ်စွန့်ခွာတိမ်းရှောင်သူများအပိုင် အခြေခံအဆောက်အအုံများ ထောက်ပံ့ဖန်တီးပေးခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှု၊ ကျောင်းပြင်ပ ပညာရေးအစီအစဉ်များ၊ နွေရာသီအင်္ဂလိပ်စာသင်တန်း၊ ဇာတ်ကြောင်းပြောခြင်း၊ အများရှေ့မှောက် စကားပြောဆိုခြင်းနှင့် ယဉ်ကျေးမှုပေါင်းစုံထိတွေ့မှု အစီအစဉ်များတို့ အပါအဝင် အရပ်သားကာကွယ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။