ငြိမ်း (Nyein)

လိုဂို

ကျွန်ုပ်တို့အကြောင်း

ငြိမ်းဖောင်ဒေးရှင်း (Nyein Foundation) မှ မြန်မာနိုင်ငံရှိ ပြည်သူအားလုံးအတွက် ကွဲပြားခြားနားမှုများကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတစ်ခုအဖြစ် ကောင်းမွန်သောအုပ်ချုပ်မှုကို ကျင့်သုံး၍ အကြမ်းဖက်မှုကိုလည်း ငြင်းပယ်သည့် အလေ့အထကို မြှင့်တင်အားပေးခြင်းနည်းလမ်းအား အသုံးပြုသည့် ငြိမ်းချမ်းပြီးတရားမျှတသော လူ့အဖွဲ့အစည်းတစ်ခုကို မျှော်မှန်းသည်။ လွတ်လပ်ရေးရပြီးနောက် နိုင်ငံ၏အစွန်အဖျားဒေသများ၌ ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်ရန် စေ့စပ်ဖျန်ဖြေခြင်း အပါအဝင် မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်ရေးအတွက် စိတ်အားထက်သန်မှုရင်းခံကာ သိက္ခာတော်ရ Dr. Saboi Jum နှင့် ဘာသာရေးနှင့်လူမျိုးရေးနောက်ခံအမျိုးမျိုးမှ ခေါင်းဆောင်များတို့က ဦးဆောင်၍ ငြိမ်းဖောင်ဒေးရှင်း (Nyein (Shalom) Foundation) ကို ၂၀၀၀ ပြည့်နှစ် မေလတွင် တည်ထောင်ခဲ့သည်။ ငြိမ်းဖောင်ဒေးရှင်းသည် စတင်ဖွဲ့စည်းချိန်မှစ၍ ကချင်ပြည်နယ်ရှိ ဒေသအခြေစိုက်အဖွဲ့အစည်းငယ်တစ်ခုအဖြစ်မှ အပြည်ပြည်ဆိုင်ရာရန်ပုံငွေအားဖြင့် နိုင်ငံအဆင့်လုပ်ဆောင်နေသည့် အခြေတကျတည်ထောင်ထားသော ဒေသခံ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုအဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။

ဤဖောင်ဒေးရှင်းသည် ရာစုနှစ်တစ်ဝက်ကျော်ကြာသည်အထိ နိုင်ငံကို သဘောထားနက်ရှိုင်းစွာကွဲလွဲအောင် ပိုင်းခြားထားသော ပဋိပက္ခများအား ပြောင်းလဲပြီးဆုံးစေရန်ရည်ရွယ်သည့် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွင် ရှေ့တန်းမှပါဝင်သည်။ ငြိမ်းသည် အစိုးရနှင့် တိုင်းရင်းသားအုပ်စုများတို့အကြား အပြုသဘောဆောင်သောဆွေးနွေးမှုများ ပြုလုပ်ရန် နေရာများဖန်တီးပေးခဲ့ပြီး ငြိမ်းချမ်းရေးပညာပေးအစီအစဉ်များကိုလည်း တိုင်းရင်းသားခေါင်းဆောင်များနှင့် အောက်ခြေလူမှုအသိုင်းအဝိုင်းများအတွက် ဦးတည်လုပ်ဆောင်ခဲ့သည်။ ငြိမ်းသည် ကချင်၊ ကယား၊ ချင်း၊ မွန်၊ ကရင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တက်ကြွစွာလုပ်ဆောင်လျက် ရှိသည်။

ငြိမ်း (Nyein) ၏ အစီအစဉ်အချို့

  • ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ် (DPP) ကို မြှင့်တင်ခြင်းနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် အထောက်အပံ့ပေးခြင်းတို့ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အထောက်အကူပြု အစီအစဉ်များ၊
  • နည်းပညာအကူအညီနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုသုတေသန (Technical Assistance and Peacebuilding Research – STEP) မှတစ်ဆင့် ကချင်ပညာရေးပူးပေါင်းအဖွဲ့ (Kachin Education Consortium- KEC) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုခြင်းနှင့် ပြည်နယ်လွှတ်တော်များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ အပါအဝင် သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး အစီအစဉ်များ၊
  • ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံ လူငယ်များပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်းများ (Interfaith Youth Cooperative Actions for Peace Project – IYCAP) နှင့် မတူကွဲပြားခြင်းအကြားဆွေးနွေးပွဲ (Dialogue among Diversity – DaD) တို့ အပါအဝင် ငြိမ်းချမ်းရေးတည်ဆောက်သူလူငယ်များ အစီအစဉ်များကို မြေတောင်မြှောက်ပေးခြင်း။

DPP အောက်တွင်

ငြိမ်း (Nyein)သည် တရားမျှတမှု၊ အသက်မွေးဝမ်းကျောင်းမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတိူ့ လက်လှမ်းမီစေရေး လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ် ဦးတည်သော ၎င်းတို့၏စီမံကိန်းတွင် လူမှုစကားဝိုင်းများ၊ စိတ်ဒဏ်ရာကုစားမှု၊ ပဋိပက္ခစောင့်ကြည့်ခြင်းများနှင့် ဥပဒေအကြံပေးအထောက်အပံ့များ ပေးခြင်းတို့ ပါဝင်သည်။