Wunpawng Ninghtoi (WPN)

လိုဂို

ကျွန်ုပ်တို့၏အကြောင်း

Wunpawng Ninghtoi (WPN) ကို ၂၀၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် မိုင်ဂျာယန်ရှိ ကချင်အမျိုးသားအသင်းတော်များ၊ လူထုအခြေပြုကော်မတီများနှင့် ဒေသခံ အစိုးရမဟုတ်သောအဖွဲ့အစည်းများတို့က တည်ထောင်ခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (Kachin Independence Army – KIA) နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ၂၀၁၁ ခုနှစ် ဇွန်လတွင် ပြန်လည်ဖြစ်ပွားခဲ့စဉ် ပဋိပက္ခသင့်ပြည်သူများ၏ လိုအပ်ချက်များကို တုံ့ပြန်ပေးရန် ရည်ရွယ်သည်၊၊ Wunpawng Ninghtoi (WPN) သည် စစ်ဘေးမှလွတ်မြောက်လာ၍ စခန်းများတွင် ဆက်လက်နေထိုင်နေရသော အိုးအိမ်စွန့်ခွာတိမ်းရှောင်သူများကို ကာကွယ်ကူညီရန် လှုပ်ရှားမှုများနှင့်စီမံကိန်းများကို အကောင်အထည်ဖော်သည်။

Save the Children International ၏အကူအညီဖြင့် Wunpawng Ninghtoi (WPN) သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်လုပ်ဆောင်မှုကို စတင်ခဲ့ပြီး ၎င်း၏ဆောင်ရွက်ချက်များကို အလှူရှင်များနှင့်မိတ်ဖက်များထံမှ ထပ်တိုးအထောက်အပံ့များဖြင့် တဖြည်းဖြည်းတိုးချဲ့ခဲ့သည်။ Wunpawng Ninghtoi (WPN) သည် ဒုက္ခသည်စခန်း ၆ ခုတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး နေရပ်စွန့်ခွာသူ ၁၀,၀၀၀ နှင့် တရုတ်-ကချင်နယ်စပ်တလျှောက်တွင်နေထိုင်ကြသည့် ပြည်တွင်းစစ်ဘေးသင့် ဒေသခံလူမှုအသိုင်းအဝန်းများမှ လူ ၃၀၀၀ ကို ကယ်ဆယ်ခဲ့သည်။ မိုင်ဂျာယန် ဒုက္ခသည်စခန်းသုံးခုရှိ ဘော်ဒါဆောင် ၇ ခုတွင် နေထိုင်သော အိုးအိမ်စွန့်ခွာတိမ်းရှောင်သူ ကျောင်းသား ၆၀၀ ကျော်ကိုလည်း Wunpawng Ninghtoi (WPN)  က ထောက်ပံ့ပေးထားသည်။ Wunpawng Ninghtoi (WPN) သည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ အာဟာရ၊ WASH၊ စားနပ်ရိက္ခာဖူလုံမှုနှင့်အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများဝင်ငွေရရှိရေး၊ အရေးပေါ်အခြေအနေများအတွက် ပညာရေး (EiE) နှင့် မိုင်းအန္တရာယ်ပညာပေးရေး (MRE) တို့ စသည့်နယ်ပယ်များတွင် လုပ်ကိုင်လျက်ရှိသည်။ Wunpawng Ninghtoi (WPN) သည် ပူးတွဲမဟာဗျူဟာအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပြီး ပူးတွဲမဟာဗျူဟာအဖွဲ့၏ လမ်းညွှန်ချက်များ၊ မူဝါဒများနှင့် နည်းလမ်းများတို့ကို လိုက်နာသည်။

ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအစီအစဉ် (DPP) အောက်တွင် Wunpawng Ninghtoi (WPN) သည် နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေး အသိပညာပေးလှုပ်ရှားမှု၊ ဝင်ငွေရှာရေး၊ စျေးကွက်အကဲဖြတ်ရေးနှင့် စီးပွားရေးစီမံမှု သင်တန်းများတို့ အပါအဝင် ကာကွယ်ရေးနှင့်ဆိုင်သော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။