ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (Karuna Mission Social Solidarity - KMSS)

လိုဂို

ကျွန်ုပ်တို့၏အကြောင်း

၂၀၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် မြန်မာပြည်သူများအတွက် အကျိုးသယ်ပိုးရန် ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (Karuna Mission Social Solidarity – KMSS)ကို ၎င်း၏ လူမှုအကျိုးပြု ဘာသာရေးအဖွဲ့အစည်းအဖြစ် တည်ထောင်ခဲ့သည်။ ဘက်ပေါင်းစုံလူမှုဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှုနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း၊ ဆင်းရဲနွမ်းပါးသူများနှင့် အကူအညီလိုအပ်နေသူများတို့ကို လူမှုဖူလုံရေးနှင့်ကယ်ဆယ်ရေး ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးခြင်းမှတစ်ဆင့် ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) သည် ၎င်း၏ မျှော်မှန်းချက်နှင့် လုပ်ငန်းတာဝန်များတို့ကို မျှဝေရန် တာဝန်ပေးအပ်ခံခဲ့ပါသည်။ ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) သည် ၂၀၀၂ ခုနှစ်မှစ၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ ရပ်ရွာများ၏ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ခဲ့သည်။ ပဋိပက္ခများပြန်လည်ဖြစ်ပွားချိန် ၂၀၁၁ ခုနှစ်မှစ၍ ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ အိုးအိမ်စွန့်ခွာတိမ်းရှောင်သူများကို လူထုအခြေပြုအဖွဲ့အစည်းများ၊ ဒေသခံ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများတို့ နှင့်ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) သည် ၂၀၁၁ ခုနှစ်မှစ၍ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များကို ဖော်ဆောင်ရာ နှင့် ငြိမ်းချမ်းရေး၊ အိုးအိမ်စွန့်ခွာတိမ်းရှောင်သူများ၏ အခွင့်အရေးနှင့် တရားမျှတမှုတို့အတွက် ထောက်ခံအားပေးရာတို့တွင် ဦးဆောင်နေသည့် ပူးတွဲမဟာဗျူဟာအဖွဲ့ (Joint Strategy Team – JST) တွင် ဦးဆောင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) သည် ဆင်းရဲနွမ်းပါးသူများနှင့် အကူအညီလိုအပ်နေသူများတို့၏ ဘဝနေထိုင်မှု အရည်အသွေးနှင့်ဂုဏ်သိက္ခာကို မြင့်မားစေရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။

Pကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS)၏ အစီအစဉ်အချို့

  • ဘက်ပေါင်းစုံ လူသားချင်းစာနာထောက်ထားရေးတုံ့ပြန်မှု
  • ဘေးဒုက္ခနှင့် ပဋိပက္ခများတွင် အခွင့်အရေးများရရှိရေး
  • စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
  • ရာသီဥတုဖောက်ပြန်ခြင်းနှင့်အညီ သင့်လျော်အောင်စီစဉ်ခြင်း
  • လူမှုကာကွယ်စောင့်ရှောက်ရေး
  • မြေယာအခွင့်အရေး
  • ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး

DPP လက်အောက်တွင်

ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) သည် အသက်မွေးဝမ်းကျောင်းမှု၊ ကလေးသူငယ်စောင့်ရှောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခ၊ ကျားမရေးရာတို့ နှင့်ပတ်သက်သောလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်လျက်ရှိသည်။

https://www.kmss-caritasmyanmar.org/