ကျွန်ုပ်တို့ဘာတွေလုပ်ဆောင်နေသလဲ

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ် (The Durable Peace Program)သည် မြန်မာနိုင်ငံတွင် အထူးသဖြင့် ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနှင့် သာတူညီမျှသောဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံပံ့ပိုးပေးရန် ရည်ရွယ်သည်။ ကျွန်ုပ်တို့သည် ပဋိပက္ခသင့် လူမှုအသိုင်းအဝိုင်းများ၏ အထူးသဖြင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်သူများ၏ လိုအပ်ချက်များကို အသိအမှတ်ပြုသည့် ပေါင်းစည်းဘက်စုံ ချဉ်းကပ်မှုအားဖြင့် ထောက်ခံပံ့ပိုးကြသည့်အပြင်   ဤလူမှုအသိုင်းအဝိုင်းများအတွက် အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များအတွက် ပြောင်းလဲမှုဖန်တီးသူများအဖြစ် ကူညီပေးရန် ကြိုးစားကြသည်။ ကျယ်ပြန့်များပြားသော လုပ်ဆောင်မှုများကို နိုင်ငံအဆင့်နှင့်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ၇ ခု ပေါင်းစည်း၍ အရပ်ဘက်အဖွဲ့အစည်း ၂၅ ခုနှင့်အတူ အကောင်အထည်ဖော်လျက်ရှိသည်။

အသေးစိတ်ကြည့်မယ်

ဘာတွေလုပ်ပေးနေလဲ…

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

မြန်မာနိုင်ငံတွင် အထူးသဖြင့်ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်ရေးတို့ အဓွန့်ရှည်တည်တံ့စေခြင်းကို အထောက်အကူပြုရန်။

အသေးစိတ်ဖတ်မယ်

ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်

ကျွန်ုပ်တို့သည် အိုးအိမ်စွန့်ခွာတိမ်းရှောင်သူများအတွက် တာရှည်ခံသောဖြေရှင်းနည်းများ ရှာဖွေခြင်း အပါအဝင် ကျယ်ပြန့်များပြားသော လုပ်ဆောင်ချက်များမှတစ်ဆင့် ကျွန်ုပ်တို့၏မျှော်မှန်းချက်ကို ပေါက်မြောက်စေရန် ကြိုးပမ်းရုံမက လူမှုအသိုင်းအဝိုင်းများကို ရေရှည်ခိုင်မာသောဝင်ငွေများ ရရှိစေ၍ ၎င်းတို့၏အသက်မွေးဝမ်းကျောင်းမှုများ ကွဲပြားစုံလင်စေရန်အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြုသဘောဆောင်စွာ ပါဝင်ကြစေရန်အတွက်လည်း ထောက်ပံ့ပေးပါသည်။ ကျွန်ုပ်တို့သည် အဆင့်အမျိုးမျိုးတွင် လူမှုရေးစည်းလုံးမှုကို အားဖြည့်ပေးရန် ကြိုးပမ်း၍ မတူကွဲပြားသောလူမှုအသိုင်းအဝိုင်းများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်ယုံကြည်မှုတို့ကို ထောက်ပံ့တည်ဆောက်ပေးပါသည်။ ဤအစီအစဉ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏အသံကို ကြားနိုင်ကြစေရန် အပါအဝင် ကျားမတန်းတူညီမျှမှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ဤအစီအစဉ်၏အဓိကအချက်မှာ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ ခိုင်မာအားကောင်းစေရန် လုပ်ဆောင်သော ကျွန်ုပ်တို့လုပ်ဆောင်ချက်သည် ရည်စူးထားသော ထောက်ပံ့ရေးလုပ်ငန်းများအရ နှင့် ဖော်ဆောင်ရေးယန္တရား၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဤအစီအစဉ်၏အချက်အခြာပင် ဖြစ်သည်။

အသေးစိတ်ဖတ်မယ်

ကျွန်ုပ်တို့၏ စံနှုန်းများ

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ် လုပ်ငန်းစု (DPP) ၏ အဓိကစံနှုန်းများမှာ လေးစားမှုနှင့်ယုံကြည်မှု၊ သာတူညီမျှမှုနှင့်တရားမျှတမှု၊ ရိုးသားမှုနှင့်ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတို့ ဖြစ်သည်။

အသေးစိတ်ဖတ်မယ်

ကျွန်ုပ်တို့၏ အစီအစဉ်များ

ရေရှည်တည်တံ့ခိုင်မြဲသော ဖြေရှင်းနည်းများနှင့် ခံနိုင်ရည်ရှိမှု

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ဘေးရှောင်ပြည်သူများမှာ ခန့်မှန်းခြေအားဖြင့် ၁၀၅,၀၀၀ ဦးရှိပြီး စစ်ဘေးရှောင်စခန်း ၁၆၀ ကျော်တွင် ခိုလှုံလျက်ရှိပါသည်…

အသေးစိတ်ဖတ်မယ်

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဝင်ငွေရရှိမှု

စစ်ဘေးရှောင်ပြည်သူများနှင့် ပဋိပက္ခသင့် လူမှုအသိုင်းအဝိုင်းများတို့ နှစ်မျိုးစလုံးသည် ဝင်ငွေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အချိန်ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာမလုံလောက်မှုကိုပါ ကြုံတွေ့လာရသည်…

အသေးစိတ်ဖတ်မယ်

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် လူမှုရေးစည်းလုံးမှု

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် နိုင်ငံရေးပဋိပက္ခ နှင့် ကချင်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ ပြည်တွင်းပဋိပက္ခတို့အကြား တစ်ခုနှင့်တစ်ခု အပြန်အလှန်သက်ရောက်မှုရှိပါသည်…

အသေးစိတ်ဖတ်မယ်

ကျား၊မ တန်းတူညီမျှရှိခြင်း နှင့် ကျားမအခြေပြုအကြမ်းဖက်မှုများ ကြိုတင်ကာကွယ်ခြင်း

DPP ၏ အခြားနယ်ပယ်အားလုံးတွင် အမျိုးသမီးများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးတို့၌ ပါဝင်နိုင်ရေးအတွက် ထပ်ဆောင်းအခက်အခဲများကို ရင်ဆိုင်နေကြရပြီး မဆန်းစစ်ရသေးသော ကျားမရေးရာ စံသတ်မှတ်ချက်များနှင့် တရားသေအယူအဆများတို့သည် အမျိုးသမီးများရော အမျိုးသားများကိုပါ ထိခိုက်နစ်နာစေပါသည်။

အသေးစိတ်ဖတ်မယ်

အရပ်ဘက်အဖွဲ့အစည်းများ၏ တတ်ကျွမ်းမှု ပိုမိုမြင့်မားစေခြင်း

ခိုင်မာ၍ ချိတ်ဆက်မှုအားကောင်းပြီး ကျွမ်းကျင်သော အရပ်ဘက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် အားလုံးကိုကိုယ်စားပြု၍ ရေရှည်တည်သော ပြောင်းလဲမှုကို ဖော်ဆောင်ရာ၌ အခရာပင် ဖြစ်ပါသည်…

အသေးစိတ်ဖတ်မယ်

ကျွန်ုပ်တို့၏မိတ်ဖက်များနှင့် ရန်ပုံငွေတစ်ဆင့်ခံရရှိသူများ

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ် (The Durable Peace Programme) ကို နိုင်ငံအဆင့်နှင့် နှင့်နိုင်ငံတကာမှ အစိုးရမဟုတ်သောအဖွဲ့အစည်း (ngo) ခုနစ်ခုအပြင် အရပ်ဘက်အဖွဲ့အစည်းများ (Civil Society Organisations) ဖြစ်သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention – KBC) ၊ ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (Karuna Mission Social Solidarity – KMSS)၊ မေတ္တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Metta Development Foundation) ၊ ငြိမ်းဖောင်ဒေးရှင်း (Nyein (Shalom) Foundation) ၊ Swissaid ၊ Trocaire နှင့် Oxfam တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ထို့အပြင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ် လုပ်ငန်းစုသည်  ကျွန်ုပ်တို့၏အစီအစဉ်နယ်ပယ် အားလုံးတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ကြသော ဒေသခံ အရပ်ဘက်အဖွဲ့အစည်း  ၂၅ ခုကို ရန်ပုံငွေ တစ်ဆင့်ခံထောက်ပံ့ပေးသည်။

အသေးစိတ်ကြည့်မယ်

အခြေခံအစီရင်ခံစာ-၂၀၁၆

အဆုံးသတ်အစီရင်ခံစာ-၂၀၁၈

Life on Hold

Displaced and Dispossessed

သတင်းအရင်းအမြစ်အားလုံးကြည့်မယ်

ဓါတ်ပုံများ နှင့် ဗွီဒီယိုများ